ပြည်နယ်သယံဇာတနှင့်သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး၀န်ကြီး ဦးဆောင်သည့် ကချင်ပြည်နယ်သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့(SNU)နှင့် လူထုတွေ့ဆုံ

ပူတာအို အောက်တိုဘာ ၁၅

မြန်မာနိုင်ငံ၏ EITI လုပ်ငန်းစဉ်များအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး EITIတင်းပြည့်အဖွဲ့၀င် နိုင်ငံတစ်နိုင်ငံဖြစ်လာရေးအတွက် EITI စံနှုန်းများနှင့် အညီဆောင်ရွက်ရန် အစိုးရ၊ ပုဂ္ဂလိကကုမ္ပဏီများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါ၀င်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့၀င် သယံဇာတနှင့် သဘာ၀ ပတ်၀န်းကျင်ထိန်းသိမ်းရေး၀န်ကြီး ဦးဒါရှီလဆိုင်း ဦးဆောင်သည့် ကချင်ပြည်နယ်သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့ (SNU)နှင့် လူထုတွေ့ဆုံပွဲကို အောက်တိုဘာ (၁၄)ရက် မွန်းလွဲ (၂)နာရီက ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ မြို့မရပ်ကွက်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

တွေ့ဆုံပွဲတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့၀င် သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး ၀န်ကြီး၊ (Sub- National Coordination Unit- SNU) နာယက ဦးဒါရှီလဆိုင်းက အဖွင့်အမှာစကား ပြောကြားပြီး ပူတာအိုခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။ ဆက်လက်၍ ပြည်နယ်သတ္တုတွင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ SNU- အတွင်းရေးမှူး ဦးစောယု က (Myanmar Extractive Industries Transparency Initiati-EITI) လုပ်ငန်းစဉ်နှင့် အစိုးရ၏ လုပ်ငန်းစဉ်အား ရှင်းလင်းဆွေး နွေးပြီး CSO များဘက်မှ SNU-အတွင်းရေးမှူး ဦးမျိုးအောင်က Sub-National Coordination Unit-SNU)၏ လုပ်ဆောင်ခဲ့ပြီးသော လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် လုပ်ငန်းရှင်များအစုအဖွဲ့မှ (SNU-အတွင်းရေးမှူး) ဦးစိုင်းအုန်းရွှေက လုပ်ငန်းရှင်များ၏ လုပ် ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး အခမ်းအနားတက်ရောက်လာသည့် ဒေသခံပြည်သူများက သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး၊ သတ္တုလုပ်ငန်း၊ သစ်စက်လုပ်ငန်းများနှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးနှင့် သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာတာ၀န်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

Visitors: 36,125