ကချင်ပြည်နယ်အတွင်း ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးညှိနှိုင်းအစည်းအဝေးကျင်းပ

မြစ်ကြီးနား အောက်တိုဘာ ၁၃

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကချင်ပြည်နယ်အတွင်း အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ရွေးကောက်ပွဲကာလအတွင်း ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ကချင်ပြည်နယ်ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကေျာ်လင်းအောင်က ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်ပြီးစီးနိုင်ရေးအတွက် လုံခြုံရေးပိုင်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရေးဆွဲထားရှိသည့် စီမံချက်နှင့်အညီ လက်တွေ့ကျကျထိရောက်စွာ အကောင်အထည်ဖော်ဆောင် ရွက်ရန်၊ မဲရုံသုံးပစ္စည်းများ၊ မဲလက်မှတ်များ ပို့ဆောင်ရာတွင် လုံခြုံရေးကျိုးပေါက်မှုမရှိစေရန်နှင့် သတ်မှတ်မဲရုံများသို့ အချိန်မီရောက်ရှိစေရေး အဖွဲ့အစည်းအသီးသီးမှ ပေးအပ်ထားသည့် တာဝန် ဝတ္တရားနှင့်အညီ ဆောင်ရွက်စေရန်၊ မကြာမီကာလ၌ ကြိုတင်မဲပေးခြင်းကို လုပ်ဆောင်မည်ဖြစ် သည့်အတွက် အဆင့်ဆင့်သော ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအနေဖြင့် အတွင်းစည်းလုံခြုံရေး တာဝန်ရှိသည်နှင့်အညီ မလိုလားအပ်သော အုပ်ချုပ်မှုပြဿနာရပ်များ မဖြစ်ပေါ်စေရေး ကြိုတင်မဲပုံး များ၏ လုံခြုံရေးအား အထူးဂရုပြုဆောင်ရွက်ရန်၊ မဲရုံများတွင် တွဲဘက်တာဝန်ပေးအပ်သည့် VOLUNTEER များအား ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲများမှ စနစ် တကျ ရွေးချယ်စိစစ်တာဝန်ပေးနိုင်ရေး ဆောင်ရွက်ရန်နှင့် ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံ များ၌ တာဝန်ထမ်းဆောင်မည့်သူများနှင့် မဲဆန္ဒရှင်များအနေဖြင့် ကိုဗစ်- ၁၉ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏လမ်းညွှန်ချက်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ထုတ်ပြန်ကြေညာချက်များနှင့်အညီ မဲပေးခြင်းများကို လုပ်ဆောင်နိုင်ရေး စနစ်တကျစစ်ဆေး ကြပ်မတ်ဆောင်ရွက်စေရေး ပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါ်မေရီမီနန် ရွေးကောက်ပွဲ အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရမည့်ကိစ္စ ရပ်များကို ဆွေးနွေးတင်ပြပြီး ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်ရဲတပ်ဖွဲ့မှ လုံခြုံရေးရယူဆောင်ရွက်မည့် အခြေအနေများနှင့် ပြည်နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမျိုးဦးက ရွေးကောက်ပွဲကျင်းပရေး ရပ်/ကျေးကော်မရှင်အဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နေမှုအ‌ခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ကော်မတီဝင်များနှင့်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက ရွေးကောက် ပွဲအတွက် မဲရုံအသီးသီးသို့ မဲလက်မှတ်များ ဖြန့်ဝေပေးအပ်မည့် အခြေအနေများ၊ မဲရုံဝန်ထမ်းများနှင့် မဲရုံသုံးပစ္စည်းများ ရွေ့ပြောင်းသယ်ယူမည့် လုပ်ငန်းစဉ်များ၊ ဝေးလံခေါင်ပါးပြီး ဆက်သွယ်ရေး ခက်ခဲသည့်ဒေသများအတွက် ကြိုတင်စီမံဆောင်ရွက်မည့် အခြေအနေမများ၊ ကိုဗစ်-၁၉ ကာကွယ် ရေးအတွက် စံလုပ်ငန်းလမ်းညွှန်ချက်များအတိုင်း မဲရုံဝန်ထမ်းများနှင့် ဆန္ဒမဲပေးမည့် ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးတို့ကို စီမံဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။

Visitors: 35,950