ကချင်ပြည်နယ်ဝန်ကြီးချုပ် ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် တာရိုးပတ်လမ်းဆောင်ရွက်မည့် အခြေအနေနှင့် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများအတွင်း မဲစာရင်းကြေညာထားမှုအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား အောက်တိုဘာ ၁၀

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီမြစ်ဘေး တာရိုးပတ်လမ်းဆောင်ရွက်မည့်အခြေအနေနှင့် ရပ်ကွက် ကော်မရှင်အဖွဲ့ရှင်အဖွဲ့ခွဲရုံးများအတွင်း မဲစာရင်းကြေညာမှု အခြေအနေကို ကွင်းဆင်းစစ်ဆေးခဲ့ ကြသည်။

ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ အောင်ဆန်းလမ်းပေါ်ရှိ OSS ရုံး၊ ပြည်နယ်တရား လွှတ်တော်ရုံးနှင့် စာတိုက်ရှေ့လမ်း၌ ယာဉ်ပိတ်ဆို့မှုအခြေအနေကို ဖြေရှင်းဆောင်ရွက်နိုင်ရေး လမ်း ဘေးဝဲ/ယာတွင်ကားပါကင်ပြုလုပ်နိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့မရပ်ကွက်အတွင်း ဧရာဝတီမြစ် ကမ်းဘေး စည်ပင်သာယာဆိပ်မှ ဝန်ကြီးအိမ်ရာအထိ ကမ်းနားလမ်းတိုးချဲ့ဆောင်ရွက်နိုင်ရေးနှင့် ပြည်သူများအပန်းဖြေနိုင်ရေးအတွက် မြေယာရှုခင်းအလှနှင့် အားကစားပစ္စည်းများထားရှိနိုင်ရေး တာဝန်ရှိသူများနှင့် စီမံဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် လယ်ကုန်းရပ်ကွက်၊ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံး၌ ဒုတိယအကြိမ် မဲစာရင်းကပ် ထားကြေညာမှုအခြေအနေ၊ ပျားလုပ်ငန်းရုံးမြေနေရာ၌ ပြည်နယ်တရားလွှတ်တော်ရုံးဆောက်လုပ် နိုင်ရေးအတွက် မြေနေရာချထားပေးနိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆိုပါရပ်ကွက်အတွင်း ဧရာဝတီ မြစ်ကမ်းပါးတစ်လျှောက် တာရိုးပတ်လမ်းဖောက်လုပ်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြကာ ပြည်နယ် ဝန်ကြီးချုပ်က ရပ်ကွက်နေပြည်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံပြီး စီမံကိန်းလုပ်ငန်းဆောင်ရွက်မည့် အခြေအနေကို ရှင်းလင်းပြောပြခဲ့သည်။

ထို့နောက် ကျွန်းပင်သာရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံး၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး မဲစာရင်းပြည့်စုံမှန်ကန်မှုရှိစေရေး လိုအပ်သည့် အကူအညီပေးနိုင် ရေးနှင့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်များ၊ ဥပဒေများနှင့်အညီ ပြင်ဆင် ဖြည့်စွက်မှုများကို စိစစ်လက်ခံရေး မြို့နယ်/ရပ်ကွက်ကော်မရှင်အဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။

Visitors: 36,059