တနိုင်းမြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ဂုဏ်ပြုခြင်းအခမ်းအနားကျင်းပ
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့ အစည်းများအတွက် အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့မှ ပေးအပ်သော ရင်ထိုးတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ လွှဲပြောင်းပေးအပ်ခြင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ဂုဏ်ပြုခြင်း အခမ်းအနားကို ဇူလိုင် (၇)ရက် နံနက်(၉)နာရီခွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။
အခမ်းအနားတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း အဖက်ဖက်မှ တက်ညီလက်ညီ ပါဝင်ကူညီဆောင်ရွက်ပေးကြသော စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများဖြစ်ကြသည့် အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းခွဲ အသင်းဝင်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ ဥက္ကဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ပေးအပ်ချီးမြှင့်သော ဂုဏ်ပြုမှတ်တမ်းလွှာ၊ ရင်ထိုးတံဆိပ်၊ Mask နှင့် လက်ဆေး ရည်များအပါအဝင် မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီမှလည်း အမျိုးသားများ အတွက်တစ်ကိုယ် ရေသုံးပစ္စည်း (၁၅)မျိုးတို့ကို ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်း အားအရင်းအမြစ် ဝန်ကြီးဌာန၊ ဝန်ကြီး ဦးဇော်ဝင်းနှင့် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန် ရေးကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦကျော်လွင်နှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့် ခဲ့ကြသည်။
ဆက်လက်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး
ဌာန၊ ဝန်ကြီး ဦးဇော်ဝင်းက တရားဥပဒေစိုမိုးရေးအတွက်
ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော တနိုင်းမြို့နယ် ရဲတပ်ဖွဲ့မှ (၂၀၁၉)
ခုနှစ်နှင့် (၂၀၂၀)ပြည့်နှစ်များအတွင်း ဖြစ်ပွားတိုင်တန်းခဲ့သည့်
ခိုးမှု(၇)မှုမှ ရွှေငွေပစ္စည်း စုစုပေါင်း ကာလတန်ဖိုး
ကျပ်သိန်း(၆၀၀)ကျော်ခန့်အား ခိုးယူခဲ့သည့် တရားခံအား စွမ်းစွမ်းတမံကြိုးစား
ဖော်ထုတ် ဖမ်းဆီးခဲ့ကြသည့် တနိုင်းမြို့နယ်ရဲတပ်ဖွဲ့မှူး
ရဲမှူးဝင်းညွှန့်၊ မြို့မရဲစခန်းမှူး ဒုရဲမှူးကျော်ဇော၊ ဒုရဲအုပ်များ၊
ရဲတပ်ဖွဲ့ဝင်များနှင့် ဆင်မ်ဆာ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအင်ဇန်လအောင်၊
ဆင်မ်ဆာ့ရပ်ကွက် ရာအိမ်မှူး ဦးမြင့်အောင်တို့အား ဂုဏ်ပြုချီးမြှင့်ငွေကျပ်
(၇၇၀၀၀၀)နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ချီးမြှင့် ပေးခဲ့ပြီး
အခမ်းအနားတက်ရောက်လာသူများအားလုံးကို ပြည်နယ်ဝန်ကြီးက ထီးတစ်လက်ဆီ လက်ဆောင်
ပေးခဲ့ကြောင်းသိရသည်။