ကချင်ပြည်နယ်အတွင်း COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးအတွက် တရုတ်နိုင်ငံ၊ ထိန်ချုံးမြို့ အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးအသင်းမှ အလှူငွေနှင့် ဆေးရုံသုံးပစ္စည်းများ ပေးအပ်လှူဒါန်း
မြစ်ကြီးနား မေ ၁၉
ကချင်ပြည်နယ်အတွင်း COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးအတွက် တရုတ်နိုင်ငံ၊ ထိန်ချုံး မြို့အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးအသင်းမှ အလှူငွေနှင့် ဆေးရုံသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း ကို ယမန်နေ့ မွန်းတည့် (၁၂)နာရီတွင် မြစ်ကြီးနားခရိုင် ကန်ပိုက်တီမြို့ရှိ မြန်မာ-တရုတ်ချစ်ကြည်ရေး ဥမင်လှိုင်းဂေါင်းရှေ့၌ ပေးအပ်လှူဒါန်းခဲ့သည်။
လှူဒါန်းမှုကို ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးနေဝင်းနှင့် တာဝန်ရှိ သူများက သွားရောက်လက်ခံခဲ့ကြရာ ထိန်ချုံးမြို့အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးအသင်းမှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများအတွက်အသုံးပြုရန် ကချင်အစိုးရအဖွဲ့ထံသို့ Mask (၁၈၀၀၀၀)ခု၊ ပိုးသတ်ဆေးရည် (၈)တန်၊ ရော်ဘာလက်အိတ် (၈၀၀၀)စုံ၊ PPE ဝတ်စုံ(၁၆၀)နှင့် ငွေကျပ် သိန်းနှစ်ရာအပါအဝင်၊ ဝိုင်းမော်မြို့အတွက် Mask (၁၀၀၀၀)ခု၊ ပိုးသတ်ဆေးရည် (၁)တန်၊ ရော်ဘာလက်အိတ် (၁၀၀၀)စုံ၊ PPE ဝတ်စုံ(၂၀)စုံနှင့် ငွေသားကျပ်သိန်းတစ်ရာနှင့် ကန်ပိုက်တီမြို့အတွက် Mask (၁၀၀၀၀)ခု၊ ပိုးသတ်ဆေးရည် (၁)တန်၊ ရောဘာလက်အိတ် (၁၀၀၀)စုံ၊ PPE ဝတ်စုံ(၂၀)စုံနှင့် ငွေကျပ် သိန်းတစ်ရာတို့ဖြင့် စုစုပေါင်းMask (၂၀၀၀၀)ခု၊ ပိုးသတ်ဆေးရည် (၁၀)တန်၊ ရောဘာလက်အိတ် (၁၀၀၀၀)စုံ၊ PPE ဝတ်စုံ(၂၀၀)စုံနှင့် ငွေသားကျပ် သိန်းလေးရာ လှူဒါန်းမှုတို့ကို ပြည်နယ်လူမှုရေးဝန်ကြီးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည် ပေးအပ်ခဲ့သည်။
