ကမ္ဘာ့ကြက်ခြေနီအထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ မြစ်ကြီးနားမြို့၌ကျင်းပ
မြစ်ကြီးနား မေ ၉
ကချင်ပြည်နယ်၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီမှဦးဆောင်မှုဖြင့်
၂၀၂၀ပြည့်နှစ်၊ မေ(၈) ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့ကို
ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေး လှူဒါန်းပွဲကို ယမန်နေ့
နံနက်ပိုင်းက မြစ်ကြီးနားမြို့ အထွေထွေရောဂါကုဆေးရုံကြီး
သွေးလှူဘဏ်၌ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင်လူမှုရေးဝန်ကြီးဦးနေဝင်း
တက်ရောက်အား ပေးခဲ့သည်။
အဆိုပါစုပေါင်းသွေးလှူဒါန်းနေမှုကို ပြည်နယ်လူမှုရေးဝန်ကြီးဦးနေဝင်း၊
ဆေးရုံအုပ်ကြီး ဒေါက်တာဘုန်းမော်၊ သွေးလှူဘဏ်ဌာနမှတာဝန်ရှိသူများ၊
ပြည်နယ်ကြက်ခြေနီဉက္ကဌ ဦးဘရန်ဒီး၊ ဒုဉက္ကဌဦးမောင်ချင်း၊
ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဒေါင်ဟောင်းနှင့် တာဝန်ရှိ သူများက
စေတနာသွေးသန့်သွေးလှူရှင်များကို အာဟာရမုန့်နှင့် အချိုရည်ဗူးများကိုပေးဝေ
ခဲ့ပြီး၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်
လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း(၅၀)ဦး သွေးလှူဒါန်းခဲ့ကြောင်း
ပြည်နယ်ကြက်ခြေနီရုံးမှ သိရှိရသည်။